သတင်းများ

ချောင်းဆုံမြို့နယ်တရားရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ်တရားရုံးမြေနေရာ ရရှိထားမှုအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ သွားရောက်ကြည့်ရှုခြင်း

မော်လမြိုင် ဒီဇင်ဘာ ၂၀

          ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊  ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ပြည်နယ်တရား ရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ မော်လမြိုင်ခရိုင်တရားသူကြီးဒေါ်မင်းသီတာဝေတို့နှင့်အတူ ချောင်းဆုံမြို့နယ်တရားရုံးသို့ ယနေ့ နေ့လည်(၁၄:၀၀)အချိန်တွင် သွားရောက်ကြည့်ရှု့စစ်ဆေး ရာ မြို့နယ်တရားသူကြီး ဒေါ်သဲသဲကျော်နှင့် တွဲဖက်မြို့နယ်တရားသူကြီးဒေါ်ရီရီသွင်၊ တရားရုံးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

          ထို့နောက် မြို့နယ်တရားသူကြီးဒေါ်သဲသဲကျော်မှ ချောင်းဆုံမြို့နယ်တရားရုံး၏ တရားစီရင်ရေးရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးရာကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ             ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါ သည်။

          ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးသည်  ချောင်းဆုံ မြို့နယ်တရားရုံးအတွက် ရရှိထားသော ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်ကွင်း၊ ဦးပိုင်အမှတ်(/၂၀၄၊ /၂၀၄) စားကျက်မြေဧရိယာ(.၀၀)ဧကရှိမြေနေရာသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ