သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ အခြေခံနှင့် အဆင့်မြှင့်ကွန်ပျူတာသင်တန်းဆင်းပွဲအား ပြည်နယ်တရားသူကြီးချုပ် တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း
Post Image

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများ အခြေခံနှင့် အဆင့်မြှင့်ကွန်ပျူတာသင်တန်းဆင်းပွဲအား ယနေ့ ညနေ(၀၃;၀၀)နာရီ၌ ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ခင်နှင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော်ရှိ တရားရေး အရာရှိများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ မော်လမြိုင်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ