မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများ အခြေခံနှင့် အဆင့်မြှင့်ကွန်ပျူတာသင်တန်း ဖွင့်ပွဲအား ယနေ့ နံနက် (၀၈:၃၀)နာရီ၌ ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ခင်နှင်းထွဋ်နှင့် ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ မော်လမြိုင်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။


