မွန်ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့နှင့် (၁၀)မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ၏ နှစ်ပတ်လည်အခမ်းအနားသို့ယနေ့ နံနက်(၁၀:၀၀)နာရီ၌ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌဦးခင်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ထူးချွန်ဆုရရှိသော ခရိုင်/မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များအား ဆုများချီးမြှင့်ခဲ့ပါသည်။