သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲအား ပြည်နယ်တရားသူကြီးချုပ် တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း

မော်လမြိုင် အောက်တိုဘာ ၂၃

          မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲအား ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း ဆင်းပွဲအား ယနေ့ ညနေ(၀၃း၀၀)နာရီ၌ ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ သင်တန်းဆရာ/ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ