မော်လမြိုင် အောက်တိုဘာ ၁၅
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၀၉း၀၀)နာရီ၌ ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး မှ တက်ရောက်အမှာစကာားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ် နှင့် ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင် နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြပါသည်။