သတင်းများ

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယတွင် ပြည်နယ်တရားသူကြီးချုပ်၊ တရားသူကြီးများနှင့် ပြည်နယ်တရားရေးရေးဦးစီးမှူး တို့အား ဂါရဝပြုကန်တော့ပွဲ ကျင်းပပြုလုပ်ခြင်း
Post Image Post Image Post Image

မော်လမြိုင် အောက်တိုဘာ ၇

         မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော တရားရေးအရာရှိများ၊ ဝန်ထမ်းများမှ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယတွင် ပြည်နယ်တရားသူကြီးချုပ်၊ တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့အား ဂါရဝပြုကန်တော့ပွဲကို ယနေ့ (၇-၁၀-၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်နယ်တရားလွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအခမ်းအနား၌ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားးလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်တို့အား ဂါရဝပြုလက်ဆောင်ပစ္စည်းများဖြင့် ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော တရားရေးအရာရှိများ၊ ဝန်ထမ်းများက ဝန်ချကန်တော့ရာ ပြည်နယ်တရားသူကြီးချုပ်မှ ဆုမွန်ကောင်းများပေးအပ် ချီးမြှင့်ခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ