မော်လမြိုင်၊ စက်တင်ဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအား ယနေ့ နံနက် ၉း၀၀ နာရီ၌ မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် (Video Conferencing)ဖြင့် ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားရေးဦ:စီးမှူး ဒေါ်ခင်နှင်းထွဋ်၊ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ခင်မာဝင်း နှင့် ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း(၄၂)ဦ: တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတွင် ပြည်နယ်တရားရေးဦးစီးမှူးနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိတို့မှ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေရာတွင် လိုက်နာရန်အချက်များအား သင်ကြားပို့ချခဲ့ပြီး သင်တန်းတက်ရောက်သော တရားသူကြီးများ၏ မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။