မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးသည် မွန်ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် ( ၃ - ၉ - ၂၀၂၁ ) ရက်နေ့ ၁၀:၀၀ အချိန်၌ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ Video Conferencing ( Zoom Meeting ) စနစ်ဖြင့် ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးပြုလုပ်ရာ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်မိမိမော်တို့ မှ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ ဦးစီးအရာရှိများ၊ တရားရေးဝန်ထမ်းများအပါအဝင် မော်လမြိုင်ခရိုင်တရားရုံးနှင့် သထုံခရိုင်တရားရုံးတို့မှ ခရိုင်တရားသူကြီးများနှင့် ဒုတိယခရိုင်တရားသူကြီးများ၊ မော်လမြိုင်မြို့နယ်တရားရုံး ၊ ချောင်းဆုံမြို့နယ်တရားရုံး ၊ ကျိုက်မရောမြို့နယ်တရားရုံး ၊ မုဒုံမြို့နယ်တရားရုံး ၊ သံဖြူဇရပ်မြို့နယ်တရားရုံး ၊ ရေးမြို့နယ်တရားရုံး ၊ ကျိုက်ထိုမြို့နယ်တရားရုံး ၊ ဘီးလင်းမြို့နယ်တရားရုံး၊ သထုံမြို့နယ်တရားရုံး၊ ပေါင်မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများနှင့် တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီး နှင့် ဒုတိယဦးစီးမှူး စုစုပေါင်း ( ၄၇ ) ဦး တက်ရောက်ကြသည်။
( ၂၁ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ( ၁၁း၃၀ ) နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။