သတင်းများ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတို့မှ မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးခြင်း
Post Image Post Image Post Image Post Image

        ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ၁၀-၉-၂၀၂၂ ရက်နေ့ နေ့လည်(၀၂း၃၀)နာရီခန့်တွင် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော မွန်ပြည်နယ်တရားလွှတ်တော်(၂၄၀'×၂၄၀") RC(၃)ထပ် အဆောက်အဦသစ်သို့ရောက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

         ထိုသို့လာရောက်စစ်ဆေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သူက မွန်ပြည်နယ်တရားလွှတ်တော် ဆောက်လုပ်ရေးလုပ်ငန်းများအနက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားပြီး တက်ရောက်လာသူများမှ ပြည်နယ်တရားလွှတ်တော် အဆောက်အဦ တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ