မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ၉-၉-၂၀၂၂ ရက်နေ့ မွန်းလွဲ(၃း၀၀)နာရီခန့်တွင် ပြည်နယ်တရားလွှတ်တော် အစည်း အဝေးခန်းမ၌ ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း/အမှုထမ်းများအား စားသုံးဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်နှင့် ပြည်နယ်တရားလွှတ်တော်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ထောက်ပံ့ပစ္စည်းများအား ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုး က ဝန်ထမ်းများကိုယ်စား ရုံးအုပ်ကြီး ဦးဝင်းမြင့် နှင့် ဌာနခွဲစာရေး ဒေါ်လှနုဝါတို့မှ လက်ခံရယူခဲ့ကြပါသည်။