မော်လမြိုင်၊ စက်တင်ဘာ ၂
မွန်ပြည်နယ်အတွင်းတိုးချဲ့ဖွဲ့စည်းခဲ့သည့်ခရိုင်များတွင် တရားစီရင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ကြော်ငြာစာအမှတ်(၅၅၄/၂၀၂၂)ဖြင့် ရေးခရိုင်တရားရုံးနှင့် ကျိုက်ထိုခရိုင်တရားရုံးများ၏ ဖွဲ့စည်းပုံကို အတည်ပြုပေးခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၅၇၀/၂၀၂၂)ဖြင့် ရာဇဝတ်မှုမျာ နှင့်တရားမမှုများကို စစ်ဆေးစီရင်နိုင်ရန် စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့ပါသည်။
အဆိုပါ ရေးခရိုင်တရားရုံးနှင့် ကျိုက်ထိုခရိုင်တရားရုံးများတွင်စတင်ရုံးထိုင်စစ်ဆေးနိုင်ရန်အတွက် (၁-၉-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာခရိုင်တရားရုံးများအားဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။