မော်လမြိုင်၊ ဩဂုတ် ၃၁
မွန်ပြည်နယ်အတွင်းရှိ တိုးချဲ့ခရိုင်တရားရုံးများဖြစ်သော ရေးခရိုင်တရားရုံးနှင့် ကျိုက်ထို ခရိုင်တရားရုံးများအား ၁-၉-၂၀၂၂ ရက်နေ့တွင် စတင်ရုံးထိုင် စစ်ဆေးနိုင်ရန်အတွက် ကျိုက်ထိုခရိုင်တရားရုံးသို့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ယနေ့ နံနက်(၀၉;၀၀) အချိန်တွင် မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်တို့လိုက်ပါလျက် သွားရောက်ကြည့်ရှု့ စစ်ဆေးရာ ကျိုက်ထိုခရိုင်တရားသူကြီး ဦးစိုးလင်းအောင်မှ ဆောင်ရွက် ထားရှိမှုအခြေအနေများ အား ရှင်းလင်းတင်ပြပြီး ပြည်နယ်တရားသူကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။