သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား
Post Image Post Image Post Image Post Image

မော်လမြိုင်၊ သြဂုတ် ၂၇

        ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားအား ယနေ့ နံနက်(၀၉:၀၀)နာရီတွင် မွန်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး က ပြောကြားရာ၌ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များအား လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာ ဆောင်ရွက်ကြရန် ထပ်ဆင့်ရှင်းလင်းခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ တရားရုံးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ ထောက်ပံ့ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ပါသည်။

         အဆိူပါ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများ စုစုပေါင်း(၅၀)ဦ:သည် VIdeo Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ