သတင်းများ

ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်တရားသူကြီးချုပ် ပြည်နယ်တရားလွှတ်တော် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု့စစ်ဆေး
Post Image Post Image Post Image Post Image

မော်လမြိုင်  ဇူလိုင်  ၂၄

          မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားသူကြီး ဦးညီညီစိုးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အထိ  ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်( ၁၀၀၉၈ ) သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက် သည့် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မွန်ပြည်နယ်တရားလွှတ်တော်ရုံး (၂၄၀­ပေx ၂၄၀ပေ) RC (၃)ထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် အဆောက်အဦ အထူးအဖွဲ့(၁၃)မှ   လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်သူ  က  ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး အဆောက်အဦ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလ အတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစွာ တည်‌ဆောက်ရေးတို့အား မှာကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးချုပ်တို့သည် တရားလွှတ်တော် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ