သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မိက်ဆက်အခမ်းအနား ကျင်းပ
Post Image Post Image Post Image Post Image Post Image Post Image

မော်လမြိုင်  ဇူလိုင်  ၂၂
    
  တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် မိက်ဆက်အခမ်းအနား အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်တရားသူကြီးများ နှင့် မြို့နယ်တရားသူကြီးများ၊   ပြည်နယ်အစိုးရအဖွဲ့၊     ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၊ မော်လမြိုင်ရှေ့နေအသင်းနှင့် တရားမျှတမှုစင်တာမှ တာဝန်ရှိသူများ၊  ရှေ့နေရှေ့ရပ်များနှင့် စေ့စပ်ဖြေရှင်းရေးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ အဖွင့်အမှာစကားပြောကြားပြီးပြည်နယ်တရားရေးဦးစီးမှူးဒေါ်ခင်နှင်းထွဋ်နှင့်စေ့စပ်ဖြေရှင်းရေးအရာရှိဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်တို့မှ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ တက် ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ