သတင်းများ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ် နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်မှ တက်ရောက်အမှာစကားပြောကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း

မော်လမြိုင် ဇွန်  ၂၄

      မွန်ပြည်နယ်အတွင်းရှိ တရားလွှတ်တော်နှင့်တရားရုံးအသီးသီးတွင်တာဝန်ထမ်းဆောင်နေသောတရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏သားသမီးကျောင်းသားကျောင်းသူများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့်စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ နှင့် ဆုရရှိသော ကျောင်းသားကျောင်းသူများတက်ရောက်ရာ ပြည်နယ်တရားသူကြီးချုပ်ဦးညီညီစိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်းရှိ တရားရုံးအသီးသီးတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးများအနက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့အခမ်းအနားများကို မွန်ပြည်နယ်တရားလွှတ်တော်အနေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထုတ်ပြန်ပြီးချိန်တွင် ကျင်းပလျှက်ရှိကြောင်း၊ယခုပညာသင်နှစ်တွင်တက်ရောက်နေသည့်ကျောင်းသားကျောင်းသူများအနေဖြင့်ထူးချွန်စွာအောင်မြင်သူများကိုအားကျအတုယူနိုင်ရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ဝါသနာပါရာ ဘာသာရပ်များတွင် ထူးချွန်အောင် ကြိုးစားသင်ယူရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့ပါသည်။

            ထို့နောက်  ပြည်နယ်တရားသူကြီးချုပ်မှ (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်သော်တာဦးအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေးမှ (၃)ဘာသာဂုဏ်ထူးရှင် မရွှေရည်ဝင့်ထည်အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး  ဒေါ်ညိုမီစံမှ (၁)ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းနန္ဒကိုကိုအားလည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်မှ ကျောင်းသားကျောင်းသူများ ကိုယ်စားကျောင်းသားတစ်ဦးအားလည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ