မော်လမြိုင် ဇွန် ၁၈
မွန်ပြည်နယ်အတွင်းရှိ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များတွေ့ဆုံပွဲကို(၁၈-၆-၂၀၂၂)ရက်နေ့၊နံနက်၁၀:၃၀နာရီတွင် မွန်ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ(၁၀)မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥက္ကဌများတက်ရောက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌမှ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များအား ဥပဒေစာအုပ်များ၊ ရင်ထိုး တံဆိပ်များ နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့သည်။