မော်လမြိုင် ဇွန် ၆
၆-၆-၂ဝ၂၂ ရက်နေ့ နံနက် (၁ဝ:၃ဝ)နာရီအချိန်တွင် မွန်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် အဆောက်အဦအထူးအဖွဲ့(၁၃) မှ တာဝန်ယူဆောက်လုပ်နေသော မွန်ပြည်နယ်တရားလွှတ်တော်တည်ဆောက် ခြင်းလုပ်ငန်း၏ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သောလုပ်ငန်းများ၊ လုပ်ငန်းအရည်အသွေး ၊ စံချိန်စံညွှန်းပြည့်မီစေရေး ကြီးကြပ်ကွပ်ကဲနိုင်ရန် အတွက် ပြည်နယ်တရားရေးဦးစီးမှူး နှင့် အရည်အသွေးစစ်ဆေးရေးကော်မတီ ဝင်များနှင့်အတူ လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။