မော်လမြိုင်၊ ဧပြီ ၈
ယနေ့ ( ၈-၄-၂၀၂၂ ) ရက်နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၌ နှစ်သစ်ကူးဂါရဝပြု အခမ်းအနား ကျင်းပခဲ့သည်။ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး ၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ် တို့မှ မွန်ပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်း ( ၅၃) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ( ၁၅၀၀၀ိ/) နှင့် ကြက်ဥ ( ၁၀)လုံးစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။