မော်လမြိုင် ၊ မတ် ၂၉
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ် ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်တို့ပါဝင်သောအဖွဲ့သည် ဆောက်လုပ်ဆဲ မုဒုံမြို့နယ်တရားရုံးအဆောက်အဦသစ်မြေနေရာသို့ သွားရာက်ကြည့်ရှုပြီး ၊ မုဒုံမြို့နယ်တရားသူကြီး ဒေါ်အိအိဖြိုးဇော် နှင့် ဝန်ထမ်းများကို ရုံးသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ အနီးကပ်ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန်နှင့် Mawlamyine King ကုမ္ပဏီမှ တာဝန်ရှိသူများအား လိုအပ်သည်အား လမ်းညွှန်မှာကြားခဲ့သည်။