သတင်းများ

(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနား နှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး တက်ရောက်
Post Image

မော်လမြိုင် မတ် ၁၉

၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး တက်ရောက်ပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများတို့က(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများဖြစ်သည့်   စီးပွားရေးထူးချွန်ဆု၊ စက်မှုလက်မှုထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ စီမံခန့်ခွဲရေးထူးချွန်ဆု၊ ၀န်ဆောင်မှုထူးချွန်ဆု၊ ပညာရေးနှင့်မကျန်းမာရေးထူးချွန်ဆု၊ လူမှုရေးထူးချွန်ဆု၊ သဘာ၀ ပတ်၀န်းကျင်ထူးချွန်ဆု၊ သုတေသနလုပ်ငန်းထူးချွန်ဆု၊ လုံခြုံရေးအေးချမ်းသာယာရေး နှင့် ဥပဒေစိုးမိုးရေးထူးချွန်ဆုရရှိသူ စုစုပေါင်း (၅၁) ဦးကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြရာ မွန်ပြည်နယ်တရားလွှတ်‌တော်မှ စီမံခန့်ခွဲရေးထူးချွန်ဆုရရှိသူ ဦးစီးအရာရှိ ဦးထွန်းကျော်မှ ဆုလက်ခံရယူပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ