စစ်တမ်းကောက်ယူမှုသင်တန်းနှင့် မှုခင်းစီမံခန့်ခွဲခြင်းသင်တန်းကို ( ၆ - ၆ - ၂၀၂၁ ) ရက်နေ့တွင် ပေါင်မြို့နယ်တရားရုံး၌ ပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ ပေါင်မြို့နယ်တရားရုံးနှင့် ကျိုက်ထိုမြို့နယ်တရားရုံးမှ အရာထမ်း အမှုထမ်း စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီလှိုင်နှင့် မော်လမြိုင်မြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နှင်းဝင့်ဝင့်ဖြူ တို့မှ သင်ခန်းစာများ ပို့ချဆွေးနွေးခဲ့ပါသည်။