သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ကျင်းပ
Post Image

မော်လမြိုင်၊ မတ် ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နေပြည်တော်၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်တို့အား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် (၉:၃၀)နာရီက မော်လမြိုင်မြို့၊ မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးက အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ သီးသန့်တရားရုံးများတွင် စစ်ဆေးနေသည့် အမှုများ မျှတမှန်ကန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ လက်အောက် တရားရုံးများကို ပုံမှန်စစ်ဆေးကြီးကြပ်စေရေး၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဉ္စမနှစ် (၂၀၂၂ ခုနှစ်)လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး၊ မွန်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာများကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေးနှင့် ဒေါ်ညိုမီစံတို့က တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ မှာကြားဆွေးနွေးခဲ့ပြီး ပြည်နယ်တရားရေးဦးစီးမှူးက ခရိုင်နှင့် မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တရားရေးအရာရှိများ၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ