သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းမိသားစုများ၏ (၁၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် သြဂုတ်  

            မွန်ပြည်နယ်တရားလွှတ်တော်နှင့် တရားလွှတ်‌တော်အတွင်းရှိ ခရိုင် / မြို့နယ် တရားရုံး များမှ   ဝန်ထမ်းမိသားစုများ၏ (၁၅) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို  ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလဆုတ် (၇) ရက် ၊ (၅-၈-၂၀၂၆) ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၈း၀၀) နာရီတွင် ပြည်နယ်တရားလွှတ်တော် ဘုရားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အခမ်းအနားသို့ မြို့ပေါက်ဝမဟာသတိပဌာန်ကျောင်းမှ ဆရာတော် သံဃာတော် (၅)ပါး ကြွရောက်တော်မူကြပြီး ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းခဲဖွယ်များအား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ