သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တွင် မော်လမြိုင်တက္ကသိုလ်ဥပဒေပညာဌာနမှ ကျောင်းသား/ ကျောင်းသူများ မွန်ပြည်နယ်တရားလွှတ်တော် ၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်တရားရုံး များ၌ တရားခွင်လက်တွေ့လုပ်ငန်းလေ့လာရေးလာရောက်ခြင်းအတွက် ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားကျင်းပ
Post Image

မော်လမြိုင် ၊ ဇူလိုင် ၉

   မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာအထူးပြု ပထမနှစ်နှင့် ပဉ္စမနှစ်ကျောင်းသား ကျောင်းသူများ တရားခွင်လက်တွေ့လုပ်ငန်း လေ့လာရေးအတွက် ယနေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော်သို့ရောက်ရှိရာ တရားလွှတ်တော် တရားသူကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ကျောင်းသား ကျောင်းသူများမှ မွန်ပြည်နယ်တရားလွှတ်တော်တွင် တရားစီရင်နေမှုများနှင့် တရားခွင် လက်တွေ့လုပ်ငန်းများ ၊ ပြတိုက်များကို ဆက်လက်လေ့လာခဲ့ကြပါသည်။

 

   အဆိုပါအခမ်းအနားကို မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ တရားလွှတ်တော်တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူး ၊ ရုံးအဖွဲ့မှူးနှင့် ပြည်နယ် တရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ ဝန်ထမ်းများ ၊ မော်လမြိုင်တက္ကသိုလ်ဥပဒေပညာ ဌာနမှ ပါမောက္ခ(ဌာနမှူး) ၊ မော်လမြိုင်တက္ကသိုလ်ဥပဒေပညာဌာနမှ ကျောင်းသား ၊ ကျောင်းသူ (၁၀၇) ဦး နှင့် ကြီးကြပ်ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် မော်လမြိုင်တက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသား ကျောင်းသူများသည် မော်လမြိုင်ခရိုင်တရားရုံး ၊ မော်လမြိုင်မြို့နယ် တရားရုံးများတွင် တရားစီရင်နေမှုနှင့် တရားခွင်လက်တွေ့လုပ်ငန်းများကို ဆက်လက်လေ့လာခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ