သတင်းများ

ကြန့်ကြာနေသည့် ရာဇဝတ်မှုခင်းများနှင့် တရားမမှုများ မှန်မှန်နှင့်မြန်မြန်ပြီးပြတ်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၅ 

( ၅ - ၂ -၂၀၂၂ ) ရက်နေ့ နံနက် ( ၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများရှိ တရားသူကြီးများနှင့် ကြန့်ကြာ‌နေသည့် ရာဇဝတ်မှုခင်းများ၊ တရားမမှုခင်းများ မှန်မှန်နှင့်မြန်မြန်ပြီးပြတ်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ( Zoom Meeting ) စနစ်ဖြင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးက ရာဇဝတ်မှုများ ၊ တရားမမှုများ ၊အယူခံမှု ၊ ပြင်ဆင်မှုများကို မှန်ကန်မြန်ဆန်စွာ စစ်ဆေးရန်နှင့် သီးသန့်ရုံးထိုင်ဖြင့် စစ်ဆေးသည့်အမှုများအား ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် ပြီးပြတ်စေရန်အတွက် ခရိုင်နှင့်မြို့နယ်အလိုက် အမှုများကို ပြီးပြတ်စေမည့်စီမံချက် ချမှတ်၍ စစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ