မော်လမြိုင် ဇွန် ၂၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ ‘‘တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ’’ ကို ယနေ့ နံနက်က မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ရှိ ခန်းမတွင် ကျင်းပခဲ့ပါသည်။


အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဝေက ‘‘တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး မိတ်ဆက်ခြင်း’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က ‘‘တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးက ‘‘စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ သုံးသပ် ဆွေးနွေးခြင်း’’ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။

