သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားရုံးများ၏ မှုခင်းကျဆင်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Post Image

မော်လမြိုင်၊ ဇွန် ၇

 

   မွန်ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများ၏ မှုခင်းကျဆင်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်တရား လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ပါသည်။

   အဆိုပါအခမ်းအနားတွင် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ဒေါ်ခိုင်ခိုင်မျိုး တို့မှ တရားစီရင်ရေးကိစ္စ၊ မှုခင်းကျဆင်းရေးကိစ္စများ လမ်းညွှန်မှာကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးမှ ရုံးလုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာကြသော ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများမှ တရားစီရင်ရေးအခြေအနေနှင့် တရားရုံးလုပ်ငန်းဆိုင်ရာ အခြေအနေများ တင်ပြကြပါသည်။ ယင်းအခမ်းအနားသို့ တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း အမှုထမ်းများ၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ အရာထမ်းများ စုစုပေါင်း(၅၈) ဦး တက်ရောက်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ