မော်လမြိုင်၊ မေ ၂၃
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်တရားရေးဦးစီးမှူးက ကြီးကြပ်လျက် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ၂၃-၅-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော် ဒုတိယထပ်ရှိ Conference Room - 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းတွင် မွန်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာစကား ပြောကြား၍ မွန်ပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာန တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလွင်က သင်တန်းပို့ချခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မွန်ပြည်နယ်အတွင်းရှိ ခရိုင်(၄) ခရိုင်နှင့် မြို့နယ် (၁၀) မြို့နယ်ရှိ တရားရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၅၁)ဦးတို့သည် Online စနစ်ဖြင့် သင်တန်းတက်ရောက်ခဲ့ကြပါသည်။


