သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် အရာထမ်း (၁) ဦးနှင့် စာရေးဝန်ထမ်းအမှတ်စဉ် (၂၁၈) သို့ တက်ရောက်မည့် အငယ်တန်းစာရေး (၁) ဦးတို့အား သင်တန်းစရိတ် ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Post Image

မော်လမြိုင်၊ မေ ၁၉

     နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့်  အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) သို့ တက်ရောက်မည့် မွန်ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဖြိုးနှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၈) သို့ တက်ရောက်မည့် မွန်ပြည်နယ်တရားလွှတ်တော်မှ  အငယ်တန်းစာရေး ဒေါ်ချစ်သျှားဖြူ တို့အား သင်တန်းစရိတ်ချီးမြှင့်သည့်အခမ်းအနားကို ယနေ့ မွန်းလွဲ (၁၄း၀၀) နာရီတွင် မွန်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

     အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် မှ သင်တန်းတက်ရောက်မည့် သင်တန်းသူများအား သင်တန်းစရိတ် ၃၆၅၀၀၀ိ/- (ကျပ်သုံးသိန်း‌ခြောက်သောင်းငါးထောင်တိတိ) စီကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ