သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခိုင်ခိုင်မျိုးမှ ချောင်းဆုံမြို့မ ရဲစခန်း ၊ အချုပ်ခန်းအား ကြည့်ရှုစစ်ဆေး
Post Image

မော်လမြိုင် ၊ မေ ၁၅

    မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခိုင်ခိုင်မျိုးသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး ၊ မော်လမြိုင်ခရိုင်တရားသူကြီး ဒေါ်စမ်းသီတာအောင် နှင့် တာဝန်ရှိသူများလိုက်ပါလျက်

ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့မရဲစခန်းအချုပ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိက ရဲစခန်း ၊ အချုပ်ခန်း၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

      ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည် အချုပ်စခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ ၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိမရှိ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စခန်းတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ