မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ မော်လမြိုင်မြို့ပေါ်ရှိ ရဲစခန်း ၊ အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး
မော်လမြိုင် ၊ မေ ၁၂
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး ၊ မော်လမြိုင်ခရိုင်တရားသူကြီး ဒေါ်စမ်းသီတာအောင် နှင့်တာဝန်ရှိသူများတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပေါ်ရှိ ဇေယျာသီရိနယ်မြေရဲစခန်း ၊စက်မှုဇုံနယ်မြေရဲစခန်း ၊ စစ်ကဲကုန်းနယ်မြေရဲစခန်း ၊ အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာသက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိများက ရဲစခန်း ၊ အချုပ်ခန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။


ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး နှင့် တာဝန်ရှိသူများသည်အချုပ်စခန်းအတွင်း အချုပ်သား/သူများ နေထိုင်သည့် အဆောင်များ ၊ နေထိုင်စားသောက်မှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိမရှိ နှင့်ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စခန်းတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

