မတ်လ ၁၄
၂၀၂၅ ခုနှစ် မော်လမြိုင်မြို့နယ်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင် တော်မူကြသော စာအောင်သံဃာတော် (၈၆၁) ပါး၊ သီလရှင် (၈၁) ပါးနှင့် ပင့်သံဃာတော် (၁၀) ပါး၊ စုစုပေါင်း (၉၅၂) ပါးတို့အား စာအောင်ဆုချီးမြှင့်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးပြီး ၁၄-၃-၂၀၂၆ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ဒေါ်ခိုင်ခိုင်မျိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့် ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း၊ အမှုထမ်းများ၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ ကြွရောက်လာကြသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် စာအောင်သံဃာတော်များနှင့်သီလရှင်များ၊ ပင့်သံဃာတော်များအား ပြည်နယ်တရားလွှတ်တော် မိသားစုမှ ဆပ်ပြာမွှေးခဲများ စုစုပေါင်း (၁၆) သိန်းဖိုး လောင်းလှူခဲ့ကြပါသည်။


