မတ်လ၊ ၂
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ(၂)ရက် တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းလင်း၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးဝင်းထွဋ်အောင် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်လက်လှူဒါန်းခြင်းခံရသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်၊ သီလရှင် ဆရာလေးများ စုစုပေါင်း (၁၆) ပါး အား ပြည်နယ်တရားလွှတ်တော်မိသားစုမှ အနေကထိုင်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဆပ်ပြာအမွှေးခဲများ လောင်းလှူခဲ့ကြပါသည်။



