မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁
အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy India-NJAI) တွင် ၁၅-၁၂-၂၀၂၅ ရက်နေ့မှ ၁၉-၁၂-၂၀၂၅ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် “ မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း (အဋ္ဌမအကြိမ်) ” သို့ တက်ရောက်ခဲ့သည့်သင်တန်းအတွေ့အကြုံများရှင်းလင်းတင်ပြခြင်းကို ၂၁-၂-၂၀၂၆ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီတွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိသွင်သွဲ့သွဲ့က သင်တန်းအတွေ့အကြုံများရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်တရားရေးဦးစီးမှူးနှင့် မွန်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများတက်ရောက်ခဲ့ကြပါသည်။

