မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ ၆၃ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ၁၂-၂-၂၀၂၆ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဖြိုးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ကန်တော့ခံဘိုးဘွားများအား မွန်ပြည်နယ်တရားလွှတ်တော်မိသားစုမှ စုစုပေါင်း လှူဒါန်းငွေ (၃၂၆၀၀၀ ) ကျပ်တိတိ လှူဒါန်းခဲ့ပါသည်။
