သတင်းများ

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်
Post Image

မော်လမြိုင် ၊ ဇန်နဝါရီ ၃ဝ
 
      မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး
ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ ၊ ဘိုကုန်းရပ်ကွက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံး
တောင်ဘက်သမိန်ဗရမ်းကွင်း၌ ယနေ့ ညနေ (၁၆:၀၀) နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ တရားလွှတ်တော်တရားသူကြီးများ ၊ ပြည်နယ်
တရားရေးဦးစီးမှူး ၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ မော်လမြိုင်ခရိုင်
မော်လမြိုင်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများမှ တက်ရောက်ခဲ့ကြပါသည်။
 
     အဆိုပါအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်း (၅၆) သင်းရှိပြီး မွန်ပြည်နယ်တရားလွှတ်တော်
နှင့် မွန်ပြည်နယ်ဥပဒေချုပ်ရုံးတို့ပူးပေါင်း၍ အသင်းတစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ အဌမဆု
ဆွတ်ခူးရရှိခဲ့ပြီး ဆုငွေ တစ်သိန်းနှစ်သောင်းကျပ် ရရှိခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ