မော်လမြိုင်၊ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်တရားလွှတ်တော်တွင် ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးအကြိုအထိမ်းအမှတ်အဖြစ် အရာထမ်း၊ အမှုထမ်းများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းအခမ်းအနားကို (၃၀-၁၂-၂၀၂၅) ရက်နေ့ (၁၄း၀၀) အချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရေခဲမုန့်ဖြင့်တည်ခင်းဧည့်ခံပြီး အရာထမ်း၊ အမှုထမ်း များအား ပေါ်ဆန်မွှေးဆန် ၆ ပြည် တစ်အိတ်စီ နှစ်သစ်ကူးအကြိုအမှတ်တရလက်ဆောင် အဖြစ် ပေးအပ်ခဲ့ပါသည်။







အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။



