မော်လမြိုင် ၊ နိုဝင်ဘာ ၂၆
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဣစ္ဆာသယသိဒ္ဓိရှင် ၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းခြောက် လောင်းလှူပွဲကို ယနေ့ နံနက် (၈:၃၀) နာရီအချိန်တွင် လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော် မြတ်ကြီး ရင်ပြင်တော်ပေါ်၌ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ တရားလွှတ်တော်တရားသူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ ၊ မော်လမြိုင်ခရိုင် တရားရုံးနှင့်မော်လမြိုင်မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။


အဆိုပါအခမ်းအနားတွင် ဘုရားအမှူးရှိသော သံဃာတော် (၁၁၁) ပါး တို့အား မွန်ပြည်နယ်တရားလွှတ်တော်မိသားစုမှ သွားတိုက်ဆေးများ လောင်းလှူခဲ့ကြပါသည်။
