မော်လမြိုင် ၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးမှ တရားစီရင်ရေး ဆောင်ရွက်မှုတိုးတက်ကောင်းမွန်ရေးအတွက် လမ်းညွှန်သည့်အစည်းအဝေးကို ၂၉-၁၁-၂ဝ၂၅ ရက်နေ့ ၊ နေ့လည် (၁:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ ၊ ဒေါက်တာအောင်သီဟ နှင့် ဒေါ်ခိုင်ခိုင်မျိုး ၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးတို့မှ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများတိုးတက်ကောင်းမွန်စေရေး ၊ ကြန့်ကြာမှုခင်းများ နည်းလမ်းတကျ မှန်ကန်မြန်ဆန်စွာ ပြီးပြတ်စေရေး ၊ စည်းကမ်းချက်များ ၊ ညွှန်ကြားချက်များ လိုက်နာကြရေး ၊ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရေး မှာကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ၊ တရားလွှတ်တော်တရား သူကြီးများ ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ ၊ ရုံးအုပ်နှင့်ဌာနခွဲစာရေးများ ၊ ခရိုင်တရားရုံးများမှ တရားရေးအရာရှိများ ၊ ရုံးအုပ်များ ၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ ၊ စုစုပေါင်း (၆၄) ဦး တက်ရောက်ခဲ့ကြပါသည်။

