မော်လမြိုင် ၊ နိုဝင်ဘာ ၂၆
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် ၂၆-၁၁-၂ဝ၂၅ ရက်နေ့ ၊ နံနက် (၁ဝ:၃ဝ) နာရီအချိန်တွင် မော်လမြိုင်ခရိုင်တရားရုံးသို့ ရောက်ရှိရာ တရားသူကြီးများ တရားခွင်တက်နေချိန်တွင် ဝတ်ရုံဝတ်ထားခြင်း ရှိ/မရှိ ၊ သက်သေခံပစ္စည်းများ သိမ်းဆည်းထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ မော်လမြိုင်ခရိုင်တရားရုံးရှိ တရားသူကြီးများနှင့်တွေ့ဆုံပြီး တရားခွင်များ ၊ တရားစီရင်ရေး ၊ စီမံခန့်ခွဲရေးရာကိစ္စများ ၊ သက်သေခံပစ္စည်းများ နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

