သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံမှ ကြန့်ကြာမှုခင်းများ ကျဆင်းရေးညှိနှိုင်းညွှန်ကြားချက်များ ပြုလုပ်ခြင်း

မော်လမြိုင်၊ နိုဝင်ဘာ ၂၀

     မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံသည် (၂၀-၁၁-၂၀၂၅) ရက်နေ့ နံနက် (၉း၀၀) နာရီတွင် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တရားရုံးတို့မှ ကြန့်ကြာမှုခင်းများစစ်ဆေးဆောင်ရွက်နေသည့် အမှုစစ်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့်အခမ်းအနားကို မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

     ဆက်လက်၍ ယင်းနေ့ နေ့လည် (၁၃း၀၀) နာရီတွင် ကျိုက်ထိုခရိုင်နှင့် ကျိုက်ထိုမြို့နယ်တရားရုံးတို့မှ ကြန့်ကြာမှုခင်းများစစ်ဆေးနေသည့် အမှုစစ်တရားသူကြီးများနှင့်လည်း Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ . မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ညိုမီစံ ၊ ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (ရုံးအဖွဲ့မှူး)၊ဒုတိယညွှန်ကြားရေးမှူး . တရားစီရင်ရေး) ၊ လက်ထောက်ညွှန်ကြားရေးမှူး (၂) ဦး (တရားစီရင်ရေး)နှင့် ခရိုင်၊ မြို့နယ်တရားရုံးတို့မှ တရားသူကြီး (၁၆)ဦး ၊ စုစုပေါင်း (၂၂) ဦး တက်ရောက်ကြပြီး Online ဖြင့် (၅) ဦး တက်ရောက်ကြပါသည်။

    အခမ်းအနားတွင် (၁) နှစ်အထက် အချုပ်/ခံဝန် ရာဇဝတ်မှုများ၊ (၂) နှစ်အထက် တရားမ မှုများ အမြန်ပြီးပြတ်ရေးနည်းလမ်းရှာဆောင်ရွက်ကြရန်နှင့် ကြန့်ကြာမှုခင်းများမရှိစေရေး၊ အမှုလက်ကျန်ကျဆင်းရေးနှင့်အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

        

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ