သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ မုဒုံမြို့နယ်တရားရုံးအား ရှောင်တခင်ကြည့်ရှု စစ်ဆေးခြင်း

မော်လမြိုင်၊ နိုဝင်ဘာ  ၁၈

          မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် (၁၈-၁၁-၂၀၂၅) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်တရားရုံးသို့ရောက်ရှိပြီး တရားသူကြီးများ တရားခွင်တက်နေချိန်တွင် ဝတ်ရုံဝတ်ထားခြင်းရှိ၊ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်မှ မုဒုံမြို့နယ်တရားရုံးမှ တရားသူကြီးများ နှင့်တွေ့ဆုံပြီး တရားခွင်များ၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ