မော်လမြိုင်၊ နိုဝင်ဘာ ၇
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေးသည် (၇-၁၁-၂၀၂၅) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် မော်လမြိုင်ခရိုင်တရားရုံးနှင့် (၁၀း၅၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ရောက်ရှိရာ တရားသူကြီးများ တရားခွင်တက်နေချိန်တွင် ဝတ်ရုံဝတ်ထားခြင်းရှိ၊ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် တရားလွှတ်တော်တရားသူကြီးချုပ်မှ မော်လမြိုင်ခရိုင်တရားရုံးနှင့် မော်လမြိုင် မြို့နယ်တရားရုံးမှ တရားသူကြီးများနှင့်တွေ့ဆုံပြီး တရားခွင်များ၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲ ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
