သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှနိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့် အလယ်အလတ်အဆင့်အရာထမ်းသင်တန်း ၊ အမှတ်စဉ် (၁၄) သို့ တက်ရောက်မည့် အရာထမ်း (၁) ဦး အား သင်တန်းစရိတ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မော်လမြိုင်၊ အောက်တိုဘာ ၁၆

 

     နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ အမှတ်စဉ် (၁၄) သို့ တက်ရောက်မည့် မွန်ပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်လဲ့ရည်မွန်အား သင်တန်းစရိတ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ( ၁၀း၀၀ ) နာရီတွင် မွန်ပြည်နယ် တရားလွှတ်‌တော်အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

     အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ်မှ သင်တန်းတက် ရောက်မည့် သင်တန်းသူအား သင်တန်းစရိတ် ၄၉၀၀၀၀ိ/- (ကျပ်လေးသိန်းကိုးသောင်း) တိတိ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ