မော်လမြိုင်၊ အောက်တိုဘာ ၂
မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့အား မွန်ပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် အမှုထမ်းများ စုပေါင်း၍ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သီတင်းကျွတ်အခါသမယ ဂါရဝပြုကန်တော့ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀း၄၅) နာရီတွင် မွန်ပြည်နယ်တရားလွှတ်တော် ဘုရားခန်း၊ ခန်းမ၌ကျင်းပခဲ့ပါသည်။

