မော်လမြိုင်၊ စက်တင်ဘာ ၂၂
နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်မည့် စာရေးဝန်ထမ်းသင်တန်း၊ အမှတ်စဉ် (၂၁၆) သို့ တက်ရောက်မည့် မွန်ပြည်နယ်တရားလွှတ်တော်မှ အငယ်တန်းစာရေး (၂) ဦးအား သင်တန်းစရိတ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀း၃၀ နာရီတွင် မွန်ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ်မှ သင်တန်းတက် ရောက်မည့် သင်တန်းသူ (၂) ဦးအား သင်တန်းစရိတ် ၅၁၀၀၀၀ိ/- (ကျပ်ငါးသိန်းတစ်သောင်း) စီ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
