မော်လမြိုင်၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ (၁၉၁) ကြိမ်မြောက်၊ မော်လမြိုင်မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ယင်းနေ့ နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်နှင့်ချောင်းဆုံမြို့နယ်မှ တရားသူကြီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


အဆိုပါအခမ်းအနားတွင် ကျောင်းပေါင်း (၄၁၃) ကျောင်းမှ ရဟန်းသာမဏေပေါင်း (၈၃၁၄) ပါး၊ သီလရှင် (၁၅၆၁) ပါး၊ စုစုပေါင်း (၉၈၃၀) ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး မွန်ပြည်နယ်တရားလွှတ်တော်နှင့်တရားလွှတ်တော်အတွင်းရှိ တရားရုံး အသီးသီးမှ စုပေါင်း၍ အလှူငွေတန်ဖိုးသိန်း ၂၀၀၀၀၀၀ိ/- (ကျပ်သိန်းနှစ်ဆယ်တိတိ) ကို လောင်းလှူခဲ့ကြပါသည်။


