သတင်းများ

မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် မော်လမြိုင်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး
Post Image

မော်လမြိုင်၊ စက်တင်ဘာ ၁၈

          မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ‌ဒေါ်ဌေးမြင့်အေးသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးထွန်းထွန်းအောင်၊ မော်လမြိုင်ခရိုင်တရားသူကြီး ဦးအောင်သိန်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး ခဲ့ရာ အချုပ်ထောင်တာဝန်ခံအရာရှိက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အချုပ်ထောင်အတွင်း အကျဉ်းသား/ အကျဉ်းသူများ၊ အချုပ်သား/အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်နှင့်ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ၊ မရှိ ကျန်းမာရေး စောင့်ရှောက်မှု ရ၊ မရ၊ အစားအသောက်များကျွေးမွေးရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ၊ မရှိ အခြေအနေများကို ကြည့်ရှုမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချုပ်ထောင်မှတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ